ဂျပန်အာကာသအေဂျင်စီက ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးအာကာသမစ်ရှင်ကို ဖေဖော်ဝါရီ ၂ ရက်တွင် လွှတ်တင်
တိုကျို ဖေဖော်ဝါရီ ၃
ဂျပန်အာကာသအေဂျင်စီသည် ၎င်း၏ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံး အာကာသမစ်ရှင်ကို ဖေဖော်ဝါရီ ၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ဂျပန် အာကာသအေဂျင်စီသည် ဖေဖော်ဝါရီ ၂ ရက်တွင် မီချီဘီကီ-၆ အမည်ရှိ တည်နေရာနှင့် လမ်းကြောင်းပြစနစ် ဂြိုဟ်တုကို အိတ်ချ်- ၃ ဒုံးပျံဖြင့် တာနီဂါရှီးမားအာကာသစခန်းမှတစ်ဆင့် လွှတ်တင်ခဲ့သည်။
လွှတ်တင်ပြီး ၂၉ မိနစ်အကြာတွင် အိတ်ချ်-၃ ဒုံးပျံသည် အလေးချိန် ကီလိုဂရမ် ၄၉၀၀ ရှိသော မီချီဘီကီ-၆ ဂြိုဟ်တုကို သတ်မှတ်ပတ်လမ်းပေါ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မီချီဘီကီ-၆ ဂြိုဟ်တုသည် ဂျပန်အာကာအေဂျင်စီ၏ QZSS အမည်ရှိ တည်နေရာနှင့် လမ်းကြောင်းပြ ဂြိုဟ်တုကွန်ရက်၏ ပဉ္စမမြောက်ဂြိုဟ်တုဖြစ်သည်။
မီချီဘီကီ-၆ ဂြိုဟ်တုမစ်ရှင်သည် အိတ်ချ်-၃ ဒုံးပျံများ၏ ပဉ္စမမောက် မစ်ရှင်ဖြစ်ပြီး ဂျပန်အာကာသအေဂျင်စီအတွက် ယခုနှစ်၏ ပထမဆုံးမစ်ရှင်ဖြစ်ကြောင်း သိရသည်။
ဂျပန်အာကာသအေဂျင်စီသည် အိတ်ချ်-၃ ဒုံးပျံများကို ၂၀၂၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကြောင်း သိရသည်။
Ref: Russia Today၊ Trs: KKO
Source: ရတနာပုံသတင်းစာ
ဆက်စပ်သတင်းများ- https://sacministry.gov.mm/my/news/2273