ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းတွင် တစ်ရက်တည်း အသေးစားငလျင် အကြိမ် ၂၀၀ ကျော်ထိလှုပ်ခတ်
အေသင် ဖေဖော်ဝါရီ ၃
ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းတွင် ဖေဖော်ဝါရီ ၂ ရက်တစ်ရက်တည်း အသေးစားငလျင် အကြိမ်ရေ ၂၀၀ ကျော်ထိ လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။
ဆန်တိုရီနီကျွန်းသည် ကမ္ဘာလှည့်ခရီးသည်များ နှစ်စဉ်သန်းနှင့်ချီ၍ လာရောက်လည်ပတ်သည့် ကျွန်းဖြစ်ပြီး ဆိပ်ကမ်းမြို့များတည်ရှိသဖြင့် ရေကြောင်းကုန်သွယ်မှုအတွက် အရေးပါသည့် ကျွန်းဖြစ်ကြောင်း၊ အသေးစားငလျင်အကြိမ်ရေ ၂၀၀ ကျော်ထိ လှုပ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆိပ်ကမ်းလေးခုကို ယာယီပိတ်ထားကြောင်း၊ စာသင်ကျောင်းများကို ယနေ့မှစ၍ ယာယီပိတ်ထားမည်ဖြစ်ဖြစ်ကြောင်း၊ ငလျင်များနှင့်ပတ်သက်ပြီး ဆူနာမီလှိုင်းအန္တရာယ်သတိပေးချက်ထုတ်ပြန်ထားခြင်းမရှိသော်လည်း အမ်မော်ဒီဆိပ်ကမ်း၊ အာမန်နီဆိပ်ကမ်း၊ ကော်ဖို့စ်ဆိပ်ကမ်းနှင့် ဖီရာဆိပ်ကမ်းအနီးတို့တွင်နေထိုင်သည့် ဒေသခံများအနေဖြင့် အထူးသတိပြုရမည်ဖြစ်ကြောင်း Civil Protection Ministry ကထုတ်ပြန်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဂရိဝန်ကြီးချုပ် ကိုင်ရီယာကို့စ်က ဖေဖော်ဝါရီ ၂ ရက်တွင် အေသင်မြို့၌ အရေးပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ငလျင်လှုပ်ခတ်လှိုင်းဒဏ်သင့် ဧရိယာအတွင်းနေထိုင်သောဒေသခံများကို အရေးပေါ် ဘေးလွတ်ရာရွှေ့ပြောင်းပေးနိုင်ရေး အစီအမံများအတွက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
Ref: Russia Today၊ Trs: Sai Sat
Source: ရတနာပုံသတင်းစာ