အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်သည် ဂါဇာတွင် ရေရှည်ပိုင်ဆိုင်မှုအနေအထားဖြင့် ရပ်တည်မည်ဟု ကြေညာ
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သည် ဂါဇာတွင် ရေရှည်ပိုင်ဆိုင်မှုအနေအထားဖြင့် ရပ်တည်မည်ဟု ကြေညာခဲ့ပါသည်။
ထိုအရာသည် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး (သို့မဟုတ်) တစ်ခွင်လုံးကို တည်ငြိမ်မှုယူဆောင်လာမည်ဟု မိမိယုံကြည်ပါကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။
ဆက်စပ်သတင်းများ- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုသည် ဂါဇာဒေသကို “ထိန်းချုပ်မည်” ဟု ကြေညာခဲ့ပါသည်။ “အမေရိကန်ပြည်ထောင်စုသည် ဂါဇာဒေသကို ထိန်းချုပ်မည်ဖြစ်ပြီး ဒေသတွင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သွားပါမည်။ မပေါက်ကွဲသေးသောဗုံးများနှင့် အခြားလက်နက် ပစ္စည်းများကို ဖြိုဖျက်ခြင်း၊ ပျက်စီးနေသော အဆောက် အအုံများကို ရှင်းလင်းခြင်း၊ မြေညီညာအောင်ပြုလုပ်ခြင်းတို့ကို မိမိတို့ပင် လုပ်ဆောင်မည်ဖြစ်ပြီး ဒေသခံများအတွက် မရေမတွက်နိုင်သော အလုပ်အကိုင်နှင့် အိမ်ရာများ ဖန်တီးပေးမည့် စီးပွားရေးဖွံ့ဖြိုးမှုကို မိမိတို့ တည်ဆောက်မည်” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံပြီးနောက် အိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။
ထို့အပြင် “လိုအပ်ပါက အမေရိကန်ပြည်ထောင်စုသည် ဂါဇာသို့ ၎င်း၏ စစ်တပ်ကို စေလွှတ်နိုင်သည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ ပါသည်။
ကိုးကား - RIA Novosti