ဂျပန်နိုင်ငံတွင် ကားလမ်းပေါ်မှ မီတာ ၄၀ အနက် ရှိသည့် တွင်းနက်ကြီးထဲသို့ ကျသွားသူအား ယခုအထိ မကယ်တင်နိုင်သေး

News Image

  • ဂျပန်နိုင်ငံတွင် ကားလမ်းပေါ်မှ မီတာ ၄၀ အနက် ရှိသည့် တွင်းနက်ကြီးထဲသို့ ကျသွားသူအား ယခုအထိ မကယ်တင်နိုင်သေး

ဂျပန်နိုင်ငံ၌ ကားလမ်းပေါ်တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် မီတာ ၄၀ အနက်ရှိ တွင်းနက်ကြီးထဲသို့ လူတစ်ဦးပြုတ်ကျသွားခဲ့သည်မှာ ၄ ရက်ကြာရှိပြီဖြစ်ပြီး ယခုအထိ အပေါ်သို့ ပြန်မတက်နိုင်သေးကြောင်း သိရပါသည်။

ကယ်ဆယ်ရေးသမားများသည် ဖေဖော်ဝါရီ ၁ ရက်တွင် ကုန်းစောင်းတစ်ခု တည်ဆောက်၍ ကယ်ဆယ်ရန် ထပ်မံကြိုးစားခဲ့ပါသည်။ ဖြစ်စဉ်သည် တိုကျိုမြို့ အပြင်ဘက်ရှိ ယာရှိုးမြို့၌ ဇန်နဝါရီ ၂၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တွင်းအနက်သည် အိုလံပစ်ရေကူးကန် တစ်ခုစာ အရှည်ရှိကာ တွင်းဝလည်း ပိုကျယ်လာခြင်းကြောင့် ကယ်ဆယ်ရေးသမားများသည် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရုန်းကန်နေရသည်။ လက်ရှိတွင် ကုန်းစောင်းတစ်ခု ဖန်တီးနေပြီး အမြန်ဆုံး ကယ်ဆယ်သွားမည်ဟု ကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦး က ပြောပါသည်။

တွင်းထဲပြုတ်ကျသွားသူသည် အသက် ၇၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အဆိုပါတွင်းပေါက်သည် ပထမတွင် အချင်း ၅ မီတာဝန်းကျင်သာ ရှိနေရာမှ ပိုမိုကြီးထွား လာခြင်းကြောင့် ကယ်ဆယ်ရေးသမားများနှင့် စက်ယန္တရားကြီးများ တွင်းစပ်အနားထိ အရောက်သွားရန် ခက်ခဲနေပါသည်။ တွင်းပေါက်သည် ရေမြောင်းပေါက်များကြောင့် ဖြစ်လာသည်ဟု ယူဆရပြီး အဆိုပါ ဧရိယာ၌ နေထိုင်သော နေထိုင်သူ ၁.၂ သန်းကိုလည်း ကယ်ဆယ်ရေးလုပ်ငန်းများအား အဟန့်အတား မဖြစ်စေရန်နှင့် အညစ်အကြေးများ ယိုစိမ့်ခြင်းမှ ကာကွယ်ရန်၊ ရေချိုးခန်းသုံးခြင်း၊ အ၀တ်လျှော်ခြင်းများ လျှော့ချရန်အတွက် ကယ်ဆယ်ရေးသမားများက တောင်းဆိုထားပါသည်။

ကိုးကား-NP News