UNHRC မှ နုတ်ထွက်ပြီး UNRWA ထောက်ပံ့ငွေကို ရပ်ဆိုင်းတော့မည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

News Image

  • UNHRC မှ နုတ်ထွက်ပြီး UNRWA ထောက်ပံ့ငွေကို ရပ်ဆိုင်းတော့မည်ဟု ဒေါ်နယ်ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှ အမေရိကန် ပြည်ထောင်စုအနေဖြင့် တရားဝင်နုတ်ထွက်ပြီး ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီ (UNRWA) အတွက် ငွေကြေးထောက်ပံ့မှုကို တားမြစ်ပိတ်ပင်မည့် အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၄ ရက် (အင်္ဂါနေ့) တွင် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း Politico က ဖော်ပြထားပါသည်။ 

ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီ (UNRWA) သည် အရှေ့ပါလက်စတိုင်းရှိ ကယ်ဆယ်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေသည့် အေဂျင်စီတစ်ခု ဖြစ်သည်။ 

UNHRC သည် ၎င်း၏ မူလရည်ရွယ်ချက်ကို လိုက်နာရန် ပျက်ကွက်ပြီး ကြောက်မက်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ကျူးလွန်နေသည့် နိုင်ငံများအတွက် အကာအကွယ်အဖြစ် ဆက်လက်အသုံးပြုနေသည်ဟု အိမ်ဖြူတော်က ဝေဖန်ထားပါသည်။

ကိုးကား-The Economic Times