အီရန်၏ နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ ငြိမ်းချမ်းသော သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည့် အဆိုပြုချက်ကို ထရမ့်ပြောကြား
အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ ငြိမ်းချမ်းသော သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်မည့် အဆိုပြုချက်တစ်ရပ်ကို ပြောကြားခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏လူမှုကွန်ရက်တွင် ဖေဖော်ဝါရီလ ၅ ရက်က ဖော်ပြခဲ့ကြောင်း သိရသည်။
အဆိုပါနျူကလီးယား သဘောတူညီချက်သည် အီရန်နိုင်ငံအား ငြိမ်းချမ်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိစေမည်ဖြစ်ကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။ သို့သော် ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် အမေရိကန်နှင့်အီရန်တို့ကြား သဘောတူညီချက်များ ချမှတ်ရန် အရေးတကြီး လိုအပ်ကြောင်း ထရမ့်က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံအပေါ် အမေရိကန်အစိုးရက ဖိအားပေးခြင်းမျိုး လုပ်ဆောင်ရန် အလိုမရှိသော်လည်း ယင်းနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခြင်းကို လက်မခံနိုင်ဟု ထရမ့်က ဖေဖော်ဝါရီ လ ၄ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်၏ အဆိုပါပြောဆိုချက်သည် အခြေအမြစ် မရှိကြောင်း၊ အီရန်နိုင်ငံသည် ဇီဝလက်နက်များကို ပိုင်ဆိုင်ထားပြီးဖြစ်သည်ဟူသော ပြောဆိုချက်များမှာ အမေရိကန်၏ကြောက်ရွံ့မှုကို ဖော်ပြနေခြင်းသာ ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အာရက်ချီက အစောပိုင်းတွင် တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal