အမေရိကန်က ၎င်းတို့၏ တပ်များအား ဆီးရီးယားနိုင်ငံမှ လပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်လျက်ရှိ

News Image

  • အမေရိကန်က ၎င်းတို့၏ တပ်များအား ဆီးရီးယားနိုင်ငံမှ လပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်လျက်ရှိ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းတို့၏တပ်များအား ဆီးရီးယားနိုင်ငံမှ လပိုင်းအတွင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း NBC သတင်းဌာနက ထုတ်ပြန်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစိုးရအဖွဲ့မှ  အဆင့်မြင့်အရာရှိကြီးများနှင့် စစ်ဘက်အရာရှိကြီးများကြား ဖလော်ရစ်ဒါပြည်နယ် တမ်ပါမြို့၌ တွေ့ဆုံ ဆွေးနွေးပြီးနောက် ထရမ့်က ဆီးရီးယားမှ အမေရိကန်တပ်များကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အမေရိကန်  အမျိုးသားလုံခြုံရေး အကြံပေး မိုက်ဝေါ့လည်း ပါဝင်ခဲ့သည်။ အမေရိကန်အနေဖြင့် ဆီးရီးယားအရေးတွင် ပါဝင်ရန် မလိုအပ်ကြောင်း၊ ယင်းနိုင်ငံသည် ရှုပ်ထွေးမှုများနှင့်ရင်ဆိုင်နေရပြီး အမေရိကန်ကပါဝင်ခြင်းကို လိုအပ်ခြင်းမရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယင်းနိုင်ငံအတွင်းရှိ အမေရိကန်တပ်များအား ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့၏စစ်သည် ၂၀၀၀ ခန့်ကို ဆီးရီးယားနိုင်ငံအတွင်း၌ တပ်ဖြန့်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန် ထားသည်။

Source: Myawady Web Portal