ရုရှား-ဘယ်လာရုစ် လုံခြုံရေးအာမခံစာချုပ် ဒူးမား လွှတ်တော်တွင် အတည်ပြုမည်
ရုရှားက သဘောတူညီပြီးဖြစ်သဖြင့် ဒူးမားလွှတ်တော်တွင် အတည်ပြုမည့် ဘယ်လာရုစ်နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ အာမခံစာချုပ်ကို ရုရှားသမ္မတဗလာဒီမာပူတင် က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် မိတ်ဆက်လိုက်ပါသည်။ ထိုစာချုပ်ကို လွန်ခဲ့သည့် ၂ လ ကတည်းက လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Alexander Grushko က လွှတ်တော်အမတ်များထံ တင်ပြရန် ဖော်ပြ ထားပါသည်။
ထိုစာချုပ်တွင် ဘယ်လာရုစ်ပိုင်နက်အတွင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဖြန့်ကျက်ချထားရေး၊ စစ်အင်အား ပံ့ပိုးဖွဲ့စည်းရေး၊ တတိယနိုင်ငံက စီးပွားရေးအရသော်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း ပိတ်ဆို့တင်းကြပ်လာပါက အပြန်အလှန် ကူညီမည့် အစီအစဉ်များအပြင် နျူကလီးယားလက်နက်ဆိုင်ရာ အပိုဒ်များလည်းဖော်ပြပါရှိပါသည်။
ထို့ပြင် ပြည်ထောင်စုနိုင်ငံ နှစ်နိုင်ငံအနက် တစ်နိုင်ငံကို ပြင်ပမှ ရန်စတိုက်ခိုက်လာပါက နှစ်နိုင်ငံလုံးကို ရန်စ တိုက်ခိုက်ခြင်းဖြစ်သည်ဟု အသိအမှတ်ပြုသည့် အပိုဒ်ပါရှိပြီး ထိုအခြေအနေတွင် နှစ်နိုင်ငံစလုံးသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ အရ အင်အား အလုံးစုံအသုံးပြု၍ တုံ့ပြန်တိုက်ခိုက်ရန် ဖော်ပြပါရှိပါသည်။
ကိုးကား -TASS