နျူကလီးယားလက်နက် မထောက်ပံ့ပေးနိုင်ကြောင်း အမေရိကန် အထူးကိုယ်စားလှယ်တုံ့ပြန်

News Image

  • နျူကလီးယားလက်နက် မထောက်ပံ့ပေးနိုင်ကြောင်း အမေရိကန် အထူးကိုယ်စားလှယ်တုံ့ပြန်

ယူကရိန်းသမ္မတဇီလန်စကီးက ယူကရိန်းနိုင်ငံ လုံခြုံရေးအတွက် နေတိုးအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်မရပါက အမေရိကန်ထံမှ နျူကလီးယားလက်နက်များ ရရှိရေး တောင်းဆိုလိုက်မှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Keith Kellogg  က ယူကရိန်းကို နျူကလီးယားလက်နက်ထောက်ပံ့ခြင်းမှာ မဖြစ်နိုင်ပါကြောင်း ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် ထိုကဲ့သို့သော အကြံအစည်ကို စဉ်းစားထားခြင်းမရှိပါကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြင့်သာ အဖြေရှာဆောင်ရွက်ရန် လုပ်ဆောင်နေပါကြောင်း ဖေဖော်ဝါရီ ၆ ရက်  FOX သတင်းစာနှင့်အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။

ဇီလန်စကီး၏ နျူကလီးယားလက်နက် တောင်းဆိုချက်အပေါ် ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဖ်က ထိုသို့ထုတ်ဖော်ပြောဆိုချက်များမှာ မိုက်မဲရူးသွပ်မှု တစ်ခုဖြစ်ကြောင်း ပြောကြားထားပါသည်။

အထူးကိုယ်စားလှယ် Keith Kellogg သည် မြူးနစ်တွင် ကျင်းပမည့် လုံခြုံရေးကွန်ဖရင့်သို့ တက်ရောက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် အတည်ပြု ပြောကြားထားပြီး အမေရိကန်အစိုးရ၏ ရုရှား-ယူကရိန်း စစ်ပွဲပြီးဆုံးရေး အစီအစဉ်ကို ချပြမည်ဖြစ်သည်။

ကိုးကား -PRAVDA