ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်မိုးပျံပူပေါင်း (၆) လုံးနှင့် စစ်သင်္ဘောများ ခြေရာခံမိ
ထိုင်ဝမ်ကျွန်းကမ်းလွန်တွင် တရုတ်၏ မိုးပျံပူဖောင်း (၆) လုံးကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၇) ရက်တွင် ထုတ်ပြန် ခဲ့သည်။
တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေးအရ ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်နေမှုနှင့်အတူ အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ (၇) ရက်၊ နံနက် (၆) နာရီအချိန်အထိ ပြီးခဲ့သည့် (၂၄) နာရီအတွင်း တရုတ်၏ မိုးပျံပူဖောင်း (၆) လုံးကို ခြေရာခံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါမိုးပျံပူဖောင်းများနှင့်အတူ တရုတ်စစ်လေယာဉ် (၉)စင်း၊ စစ်သင်္ဘော(၉)စင်းနှင့် အခြား သင်္ဘောနှစ်စင်းတို့ကိုလည်း ထိုင်ဝမ်ကျွန်းအနီးတွင် ခြေရာခံတွေ့ရှိခဲ့ကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တရုတ်၏မိုးပျံပူဖောင်းများကို အမြင့်ပေ(၁၆၀ဝဝ)မှ ပေ (၂၀ဝဝဝ) ကြားတွင် ခြေရာခံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိုးပျံ ပူဖောင်းတစ်လုံးမှာ ထိုင်ဝမ်ကျွန်းအပေါ်မှဖြတ်ကာပျံသန်းသွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။
တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရန်အတွက် လိုအပ်ပါက အင်အားသုံး ဖြေရှင်း သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့သည့်နှစ်က ပြောဆိုခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်အစိုးရသည် ထိုင်ဝမ် ကျွန်းအနီးတစ်ဝိုက်တွင် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို ဖြန့်ကြက်ချထားခဲ့ပြီး နိုင်ငံရေးနှင့် စစ်ရေးအရ ဖိအားပေးမှုများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကိုးကား-NP News
Photo: France 24