ယူကရိန်းအား ဂျာမန်လက်နက်များ ထောက်ပံ့ရန် ဂျာမနီဝန်ကြီးချုပ် ကန့်ကွက်
ရုရှားနိုင်ငံအား တိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် ယူကရိန်းနိုင်ငံသို့ လက်နက်များထောက်ပံ့ပေးမည့်ကိစ္စမှာ လုံးဝမဖြစ်သင့်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် CSU / CDU (Christian Democratic Union) ပါတီမှ ပြိုင်ဘက် Friedrich Merz နှင့် ရွေးကောက်ပွဲဆိုင်ရာ စကားစစ် ထိုးပွဲပြုလုပ်စဥ် ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ပြောကြားလိုက်ပါသည်။
အစောပိုင်းကာလကလည်း ကီလိုမီတာ ၅၀၀ ခန့်အကွာအဝေးအထိ ရောက်ရှိနိုင်သော ဝေဟင်ပစ် Taurus အမျိုးအစား ခရုဇ်ဒုံးပျံများအား မြို့တော်ကိယက်ဗ်ကိုထောက်ပံ့ပေးရန် အစီအစဉ်ကို ဂျာမနီ ဝန်ကြီးချုပ် က ကန့်ကွက်ခဲ့ပြီး အဆိုပါ လက်နက်များထောက်ပံ့ခြင်းကြောင့် စစ်ပွဲ အရှိန်အဟုန် ပိုမိုပြင်းထန်စေနိုင်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏ တာဝေးပစ်လက်နက်များ အသုံးပြု၍ ရုရှားနိုင်ငံအား တိုက်ခိုက်ခြင်းမှာ ရုရှား-ယူကရိန်းပဋိပက္ခတွင် နေတိုးတပ်ဖွဲ့က တိုက်ရိုက်ပါဝင်ပတ်သက်နေသည့် အဓိပ္ပာယ်သက်ရောက်စေမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အမျိုးသားလုံခြုံရေးဆိုင်ရာပူးပေါင်းသဘောတူစာချုပ်အဖွဲ့ (CSTO) ထိပ်သီး အစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ထပ်တလဲလဲ ထောက်ပြ ပြောဆိုခဲ့ပါသည်။
ကိုးကား-TASS