ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ယုံကြည်မှုတိုးပွားစေရေးကိုဆွေးနွေး

News Image

  • ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ယုံကြည်မှုတိုးပွားစေရေးကိုဆွေးနွေး

ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ယုံကြည်မှုတိုးပွားစေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ဖေဖော်ဝါရီ ၉ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဂုရုကြီး၏ နိုင်ငံတကာပဋိပက္ခများတွင် ညှိနှိုင်းပေးခဲ့သည့် ငြိမ်းချမ်းရေးအတွေ့အကြုံများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဓိကအရေးကြီးသည့် ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပဋိပက္ခပါတီများကြား အပြန်အလှန်ညှိနှိုင်းပြောဆိုမှုနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ယုံကြည်မှု တိုးပွားစေရေးဆိုင်ရာများ၊ ပဋိပက္ခကြောင့် အားလုံးဒုက္ခရောက်ကြရပြီး တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိနိုင်ရေးဆိုင်ရာများနှင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

Source: Popular Myanmar