နယ်စပ်ရှိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုများတိုက်ဖျက်ရန် တရုတ်-ထိုင်းပူးပေါင်းမည်
ထိုင်းဝန်ကြီးချုပ်သစ် Paetongtarn Shinawatra သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ပေကျင်းမြို့၌ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်တစ်လျှောက် တရားမဝင် အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများတိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
နယ်စပ်ဒေသရှိ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများတိုက်ဖျက်ရေး အစီအစဉ်များအတွက် တရုတ်နိုင်ငံအနေဖြင့် မြန်မာ၊ ထိုင်းတို့နှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် Lin Jian က ပြောကြားထားပါသည်။
ကိုးကား- နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
MM-News-Category