အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်း အကူအညီထက်ဝက်ခန့်ကို ယူကရိန်းက မှောင်ခိုဈေးကွက်များ၌ ရောင်းချဟုဆို
အမေရိကန်အစိုးရ၏ လက်နက်ခဲယမ်း အကူအညီများအနက်မှ ထက်ဝက်ခန့်ကို ယူကရိန်းနိုင်ငံက မက္ကဆီကို မူးယစ်ဂိုဏ်းများ အပါအဝင် နိုင်ငံတကာ မှောင်ခိုဈေးကွက်များ၌ ရောင်းချခဲ့သည်ဟု အမေရိကန် သတင်းထောက်တစ်ဦးက ပြောသည်။
အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ဒေါ်လာဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိ လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးအပ်ခဲ့သော်လည်း ယင်းလက်နက်များအနက်မှ ထက်ဝက်ခန့်မှာ အမေရိကန်အစိုးရ၏ တကယ့်ရန်သူများဖြစ်သည့် မူးယစ်ဆေးဝါး ဂိုဏ်းများ၏ လက်အတွင်းသို့ ရောက်ရှိသွားကြောင်း အမေရိကန်သတင်းထောက် တက်ခါကာဆန်က အမေရိကန် ကြည်းတပ်မှ အငြိမ်းစားဒုတိယဗိုလ်မှူးကြီးလည်းဖြစ် အီရတ်နှင့်အာဖဂန်စစ်ပြန်လည်းဖြစ်သည့် ဒန်းနီယယ်ဒေးဗစ်နှင့် ဖေဖော်ဝါရီလ ၁၀ ရက်က ပြုလုပ်သည့်တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံမှ အမေရိကန်က ထောက်ပံ့ပေးထားသည့် လက်နက်များကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဝယ်နိုင်ခြင်းမှာ မနှစ်မြို့စရာ အခြေအနေများပင်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယူကရိန်းနိုင်ငံမှ တရားမဝင်ခိုးထုတ်လာသည့် အဆင့်မြင့် လက်နက်များကို စပိန်နိုင်ငံတောင်ပိုင်းရှိ ရာဇဝတ်ဂိုဏ်းများက ရယူနိုင်ခဲ့သည်ဟု စပိန်မီဒီယာ တစ်ခုက ၂၀၂၄ ခုနှစ် ဇွန်လအတွင်း၌ ဖော်ပြခဲ့သည်။
Source:Myawady Web Portal