ရုရှားက အမေရိကန်နိုင်ငံသားတစ်ဦးကို ပြစ်ဒဏ်မှလွှတ်ပေးခဲ့မှုသည် ပဋိပက္ခပြီးဆုံးရေးအတွက် ခြေလှမ်းအစဟု ထရမ့်ပြောဆို

News Image

  • ရုရှားက အမေရိကန်နိုင်ငံသားတစ်ဦးကို ပြစ်ဒဏ်မှလွှတ်ပေးခဲ့မှုသည် ပဋိပက္ခပြီးဆုံးရေးအတွက် ခြေလှမ်းအစဟု ထရမ့်ပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြံပေးများနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရုရှားသည် အမေရိကန်နိုင်ငံသား Marc Fogel အား ပြန်လည်လွှတ်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၁၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ ကျောင်းဆရာနှင့် အမေရိကန် သံတမန်ဟောင်းဖြစ်သူ Fogel သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွဲချက်ဖြင့် ၂၀၂၂ ခုနှစ်တွင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။

မော်စကိုက အဆိုပါ အမေရိကန်နိုင်ငံသားအား ပြစ်ဒဏ်မှ လွှတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာမပေးခဲ့‌သော်လည်း အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်အထူးသံတမန် Steve Witkoff ၏ ကိုယ်ပိုင်ဂျက်လေယာဉ်နှင့်အတူ Fogel ရုရှားနိုင်ငံမှ ထွက်ခွာသွားနိုင်ခဲ့ပြီးနောက် ဆက်ဆံရေးတစ်ခု၏ကောင်းမွန်သော အစပြုမှုဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကိုးကား-RT