အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၅)ဦး သေဆုံး

News Image

  • အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၅)ဦး သေဆုံး

အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။

ပေါက်ကွဲမှုသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန်းဒက်ဇ် ပြည်နယ်ရှိ ကာအူလ်ဘဏ်ခွဲတစ်ခုအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ပြုလုပ်ခဲ့ခြင်းဆိုသည်ကိုမူ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ အာဖဂန်နစ္စတန် အာဏာရ တာလီဘန်အဖွဲ့ဝင်တစ်ဦး၊ အရပ်သား တစ်ဦးနှင့် ဘဏ်လုံခြုံရေးဝန်ထမ်း အပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါသည်။ ကန်းဒက်ဇ် ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျူမာဒင်ခါခ်ဆာက တိုက်ခိုက်မှုသည် အသေခံ ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ကန်းဒက်ဇ်ပြည်နယ်ရဲကွပ်ကဲမှုအဖွဲ့က ရှာဖွေဖော်ထုတ်နေပြီး တရား မျှတမှုရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

အာဖဂန်နစ္စတန်၌ ဗုံးပေါက်ကွဲမှုနှင့် အသေခံဗုံးခွဲတိုက်ခိုက်မှု အရေအတွက်သည် အမေရိကန်တပ်များ ရုပ်သိမ်းပြီးချိန် တာလီဘန် ကျောထောက်နောက်ခံပြု အစိုးရကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ဖြုတ်ချပြီးချိန်နောက် သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း (ISIS) အပါအဝင် လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-NP News