အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသ

News Image

  • အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသခဲ့ကြောင်း၊ ထို့အပြင် ရုရှား၏ Su-57 တိုက်လေယာဉ်လည်း ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ကြောင်း သိရသည်။ 

အိန္ဒိယ၏ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ၁၉၉၆ ခုနှစ် မှစတင်ပြုလုပ်သည့် ယခုလေကြောင်းပြပွဲတွင် ကမ္ဘာ့အဆင့်မြင့် တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည် ပြိုင်ဆိုင်မှုများကို ပြသနေကြပါသည်။ 

အထူးသဖြင့် အိန္ဒိယအပေါ် အာရှပစိဖိတ်မဟာဗျူဟာ၏ အဓိက မိတ်ဖက်အဖြစ် ရှုမြင်ထားသည့် အမေရိကန်နှင့် Made in India မူဝါဒအရ အိန္ဒိယနှင့် စစ်ဖက်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်နေသည့် ရုရှားတို့၏ ဆဋ္ဌမ မျိုးဆက်တိုက်လေယာဉ်များဖြစ်သည့် F-35A နှင့် Su-57 တို့၏ တစ်ပြိုင်နက် ပြသမှုမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

ကိုးကား-TASS

Photo: Defense Security Asia