ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ပြုလုပ်လျက်ရှိသော မြူးနစ်လုံခြုံရေး ညီလာခံကျင်းပနေစဉ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်

News Image

  • ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ပြုလုပ်လျက်ရှိသော မြူးနစ်လုံခြုံရေး ညီလာခံကျင်းပနေစဉ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ပြုလုပ်လျက်ရှိသော မြူးနစ်လုံခြုံရေး ညီလာခံကျင်းပနေစဉ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်နေကြပါသည်။ စစ်ပွဲများကို ငြိမ်းချမ်းစွာ အဆုံးသတ်ရေး တောင်းဆိုနေကြပြီး၊ Bavarian မြို့တွင် ကျင်းပနေသော ညီလာခံကို ဆန့်ကျင်နေကြပါသည်။ ဆန္ဒပြသူအများစုမှာ အနောက်နိုင်ငံများက ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့နေမှုကို ဆန့်ကျင်နေကြပါသည်။

မြူးနစ်လုံခြုံရေး ညီလာခံကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိပြီး နိုင်ငံခေါင်းဆောင် ၆၀ ခန့်ကို ဖိတ်ကြားထားပါသည်။ လုံခြုံရေးတင်းကျပ်စွာ ချထားရပြီး ရဲတပ်ဖွဲ့ဝင် ၅၀၀၀ ခန့်ကို အသင့် တာဝန်ချထားပါသည်။ ထိုသို့ လုံခြုံရေးစီစဉ်ထားရခြင်းမှာ ဖေဖော်ဝါရီ ၁၃ ရက် အာဖဂန်နိုင်ငံသားတစ်ဦးက ဆန္ဒပြသူများ အုပ်စုထဲသို့ ကားဖြင့် ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သဖြင့် လူ ၃၉ ဦးအထက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။

ကိုးကား- TASS

Photo: Euronews