ထရမ့်၏ အကောက်ခွန်တိုးမြှင့်သတ်မှတ်မည့်အစီအစဉ်များမှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းတိုးမြှင့် သတ်မှတ်မည့်အစီအစဉ်များမှ ကင်းလွတ်ခွင့်ပြုရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi က တောင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံအား နိုင်ငံခြားသံမဏိနှင့် အလူမီနီယမ်ပစ္စည်းများအပေါ် အကောက်ခွန် ၂၅ % ကောက်ခံမည့်အစီအစဉ်မှ ကင်းလွတ်ခွင့်ပြုရန်လည်း Iwaya က တောင်းဆိုခဲ့သည်။ ထို့ပြင် “အမေရိကန်နိုင်ငံကို အခွန်စည်းကြပ်သည့် မည်သည့်နိုင်ငံကိုမဆို အဆိုပါနိုင်ငံများ၏ အခွန်နှုန်းထက် မပိုသည့် သို့မဟုတ် မလျော့သည့်နှုန်းထားအတိုင်း ပြန်လည် စည်းကြပ် ကောက်ခံမည့် (Reciprocal Tariffs)” ထရမ့်၏ အစီအစဉ်မှ ဂျပန်နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အမေရိကန်သို့ တင်ပို့သည့် ဂျပန်မော်တော်ကားများ၏ အကောက်ခွန်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။ ယခုလ အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ဂျပန်-အမေရိကန် ထိပ်သီးအစည်းအဝေးကို အခြေခံ၍ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တွေ့ဆုံမည့် "two-plus-two" အစည်းအဝေးကို မကြာမီ ကျင်းပပြုလုပ်သွားလိုကြောင်း Iwaya က Rubio အား ပြောကြားခဲ့သည်။
ကိုးကား-NHK World