ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ရုရှားသည် အမေရိကန်ထက် စီးပွားရေး တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်နေကြောင်း စီးပွားရေးပညာရှင်တစ်ဦး ပြောကြား
ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ရုရှားနိုင်ငံသည် အမေရိကန်ထက် စီးပွားရေးတိုးတက်မှုနှုန်း ပိုမိုမြန်ဆန်နေကြောင်း Primakov Institute of World Economy and International Relations ၏ ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးပညာရှင် Alexander Dynkin က မြူးနစ်လုံခြုံရေး ညီလာခံနှင့်ပတ်သက်၍ TASS သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့သည်။
မြူးနစ်လုံခြုံရေးညီလာခံကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။ "ထောင်နှင့်ချီသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေသော်လည်း ရုရှားစီးပွားရေးသည် EU နှင့် အမေရိကန်တို့၏ စီးပွားရေး ညွှန်းကိန်းများထက် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်မှာ ရုရှား၏ အံ့အားသင့်ဖွယ် ကြံ့ကြံ့ခံရပ်တည်နိုင်မှုပင် ဖြစ်ကြောင်း" ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-TASS
Photo: The Economic Times
MM-News-Category