မြူးနစ်လုံခြုံရေးညီလာခံသည် ဥရောပနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ပြင်းထန်သောအပြောင်းအလဲများ ဖြစ်စေမည်

News Image

  • မြူးနစ်လုံခြုံရေးညီလာခံသည် ဥရောပနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ပြင်းထန်သောအပြောင်းအလဲများ ဖြစ်စေမည်

မြူးနစ်လုံခြုံရေးညီလာခံသည် ဥရောပနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အကြား ပြင်းထန်သောအပြောင်းအလဲများ သေချာပေါက်ဖြစ်လိမ့်မည် ဟု ရုရှားဖက်ဒရေးရှင်း ဒူးမားလွှတ်တော်ဥက္ကဌ Vyacheslav Volodin က ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားလိုက်သည်။ 

“အစည်းအဝေးတွင် ဆွေးနွေးနေခြင်းကို ကြည့်ခြင်းအားဖြင့် ထိုအပြောင်းအလဲသည် ခက်ခဲပြီး အထိနာကျင်ရမည့် အပြောင်းအလဲမျိုးဖြစ်ကြောင်း၊ အမေရိကန် ဒုတိယသမ္မတကလည်း ဥရောပ၏ လက်ရှိအခြေအနေကို သုံးသပ်ပြထားကြောင်း၊ သို့ရာတွင် ၎င်းကို ထောက်ခံခြင်းလည်း မရှိကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့၏ အမှန်တရား လက်မခံလိုကြ ကြောင်း” Volodin က ဝေဖန်ထားပါသည်။

ထို့ပြင် “ဥရောပနိုင်ငံအများစု ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများမှာ မျက်နှာဖုံးတစ်ခုသာဖြစ်နေခြင်းမှာ ကြာလှပြီဖြစ်ကြောင်း၊ ရိုမေးနီးယား သမ္မတရွေးကောက်ပွဲကာလအတွင်း ဖြစ်စဉ်များ၊ ပြင်သစ်နှင့် ဂျာမနီတွင် မလိုလားသည့် နိုင်ငံရေးပါတီများ အနိုင်ရခြင်းဖြစ်စဉ်များက သက်သေဖြစ်နေကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ဥရောပသည် ပြောင်းလဲမှုကြီးတစ်ခု မလွဲမသွေ ဖြစ်လာမည် ဖြစ်ကြောင်း” ၎င်းက ဆိုထားပါသည်။ 

ကိုးကား- TASS

Photo: pacsto.org