အမေရိကန်နှင့်ပူးပေါင်း၍ အီရန်ကို အဆုံးထိ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း နေတန်ယာဟု ပြောကြား

News Image

  • အမေရိကန်နှင့်ပူးပေါင်း၍ အီရန်ကို အဆုံးထိ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း နေတန်ယာဟု ပြောကြား

အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့သည် အီရန်၏ နျူကလီးယားရည်မှန်းချက်များနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်း ၎င်း၏ရန်လိုမှုများကို ဟန့်တားရန် ဆုံးဖြတ်ထားကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

ဂျေရုဆလင်မြို့တွင် ရူဘီယိုနှင့် တွေ့ဆုံပြီးနောက် နေတန်ယာဟုက ၎င်းတို့နှစ်ဦးသည် အီရန်အရေးနှင့် ပတ်သက်၍ အလွန်အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနှင့် အမေရိကန်တို့သည် အီရန်၏ ခြိမ်းခြောက်မှုရန်ကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့ပြီး မိမိတို့နှစ်နိုင်ငံအနေဖြင့် အယာတိုလာများ (Ayatollahs) ကို နျူကလီးယားလက်နက်များ ရရှိပိုင်ဆိုင်ခွင့်ပြုမည်မဟုတ်ကြောင်း နှင့် အရှေ့အလယ်ပိုင်းဒေသတွင်း အီရန်၏ ကျူးကျော်ရန်စမှုများ ထပ်မရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

အကြမ်းဖက်အုပ်စုတိုင်းနှင့် အကြမ်းဖက်မှုတိုင်း၏ နောက်ကွယ်တွင်လည်းကောင်း၊ ယင်းဒေသရှိ လူသန်း‌ပေါင်းများစွာ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်နေသော အရာတိုင်း၏ နောက်ကွယ်တွင်လည်းကောင်း အီရန်ရှိနေသည်ဟု ရူဘီယိုက ပြောကြားခဲ့သည်။

ကိုးကား -Reuters