ဂျာမနီနိုင်ငံ Alternative for Germany ပါတီမှ ဂျာမနီ ဝန်ကြီးချုပ်လောင်း Alice Weidel က ယူကရိန်းကို လက်နက် ထောက်ပံ့ပေးမှု အပါအဝင် ယခု သုံးနှစ်အတွင်း ရုရှားအပေါ် အရေးယူမှုများက တင်းမာမှုကို တိုးစေကြောင်း စွပ်စွဲပြောကြား

News Image

  • ဂျာမနီနိုင်ငံ Alternative for Germany ပါတီမှ ဂျာမနီ ဝန်ကြီးချုပ်လောင်း Alice Weidel က ယူကရိန်းကို လက်နက် ထောက်ပံ့ပေးမှု အပါအဝင် ယခု သုံးနှစ်အတွင်း ရုရှားအပေါ် အရေးယူမှုများက တင်းမာမှုကို တိုးစေကြောင်း စွပ်စွဲပြောကြား

ဂျာမနီနိုင်ငံ Alternative for Germany ပါတီမှ ဂျာမနီ ဝန်ကြီးချုပ်လောင်း Alice Weidel က ယူကရိန်းကို လက်နက်ထောက်ပံ့ပေးမှု အပါအဝင် ယခု သုံးနှစ်အတွင်း ရုရှားအပေါ် အရေးယူမှုများက တင်းမာမှုကို တိုးစေကြောင်း စွပ်စွဲပြောကြားလိုက်ပါသည်။

“ပြီးခဲ့သည့် သုံးနှစ်အတွင်း ရုရှားနှင့်ပတ်သက်ပြီး ဂျာမနီအစိုးရက ဘာလုပ်ခဲ့ပါသလဲ၊ ကျွန်မတို့ တင်းမာမှုတွေပဲ အဆင့်ဆင့် တိုးမြှင့်လာခဲ့ကြတယ်၊ အပြောအဆို၊ ငွေကြေးနှင့် လက်နက်ထောက်ပံ့ပေးပို့ပြီး ရုရှားကို ဆန့်ကျင်ခဲ့ကြတယ်” ဟု သူမက ပြောကြားခဲ့ပါသည်။

သူမ၏ အဆိုအရ ရုရှားကို တိုက်ခိုက်ရန် ဂျာမနီက ယူကရိန်းအား စစ်လက်နက်များထောက်ပံ့ခြင်းမှာ ဒုတိယကမ္ဘာစစ်အပြီးတွင် ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ဂျာမနီအစိုးရက သမိုင်းကို မေ့လျော့နေခြင်းကို ပြသနေခြင်း ဖြစ်ပါသည်။

ဆက်လက်၍ ယူကရိန်းအရေး ညှိနှိုင်းဆွေးနွေးရန် လျင်မြန်စွာ စတင်ရမည်ဖြစ်ပြီး ဂျာမနီ စီးပွားရေးကို ထိခိုက်စေနေသော ပိတ်ဆို့ကန့်သတ်မှုများကို အဆုံးသတ်စေရန် သူမက အားပေးတိုက်တွန်းခဲ့ပါသည်။

ဂျာမနီသည် ယူကရိန်းကို လက်နက်ထောက်ပံ့မှုတွင် အမေရိကန်ပြီးလျှင် ဒုတိယနေရာတွင် ရှိနေသည်။ ဂျာမနီ အစိုးရပြောခွင့်ရပုဂ္ဂိုလ် Steffen Hebestreit က   ယူကရိန်းအတွက် ယခု စစ်ပွဲစတင်ချိန်မှစ၍ ဂျာမနီက စုစုပေါင်း ယူရို ၄၄ ဘီလျံ ခန့် အကူအညီ ပေးအပ်ခဲ့ကြောင်း ပြောကြားထားပါသည်။ 

၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အစိုးရက ယူရို ၄ ဘီလျံ ခန့် ပေးအပ်ရန်ကိစ္စကို ခွင့်ပြုထားပြီး ယခုနှစ် အသုံးစရိတ်၏ တစ်ဝက်ခန့်သာဖြစ်သည်။ သို့သော် အဆိုပါဘဏ္ဍာရေးအစီအစဉ်အတွက် ဂျာမနီလွှတ်တော်မှ ယခုအချိန်ထိ  ဆုံးဖြတ်ချက် မချမှတ်သေးကြောင်း သိရပါသည်။ 

ကိုးကား- TASS