တရုတ်၏ စူပါကွမ်တမ်ကွန်ပျူတာကို ကမ္ဘာတစ်ဝန်း သန်းနှစ်ဆယ် ကြည့်ရှု
ဟီဖေး၊ ဖေဖော်ဝါရီ ၁၆
တရုတ်နိုင်ငံ၏ တတိယမျိုးဆက် စွမ်းရည်မြင့် ကွမ်တမ်ကွန်ပြူတာ မူလဝူခုံး (Origin Wukong) သည် နိုင်ငံ၏ ကွမ်တမ် ကွန်ပြူတာ ထုတ်လုပ်မှုတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်လာပြီး ကမ္ဘာတဝန်းမှကြည့်ရှုသူ သန်း 20 ကျော်ကို ရရှိခဲ့ကြောင်း China Science and Technology Daily သတင်းစာက ဖော်ပြခဲ့သည်။
Anhui Quantum Computing Engineering Research Center ၏ အဆိုအရ မူလဝူခုံး (Origin Wukong) ကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၃၉ နိုင်ငံမှ အသုံးပြုသူများသည် အဝေးမှ ဝင်ရောက်ကြည့်ရှုအသုံးပြုခဲ့ကြပြီး အမေရိကန်၊ ရုရှား၊ ဂျပန် နှင့် ကနေဒါ နိုင်ငံတို့သည် အသုံးပြုသူ အများဆုံးဖြစ်သည်ကိုတွေ့ရှိရပါသည်။ ထိုနိုင်ငံများအနက် အမေရိကန် သည် နိုင်ငံခြားအသုံးပြုသူ ဝင်ရောက်မှုတွင် ထိပ်ဆုံးနေရာတွင် ရှိနေသည်။
မူလဝူခုံး (Origin Wukong) သည် ၂၀၂၄ ဇန်နဝါရီ ၆ ရက်နေ့မှစတင်လည်ပတ် လုပ်ဆောင်လာပြီးနောက် ၃၃၉,၀၀၀ ခန့်သော ကွမ်တမ်ကွန်ပျူတာလုပ်ငန်း တာဝန်များ ကို ပြီးမြောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ ၎င်းကို ဘဏ္ဍာရေး နှင့် ဇီဝဆေးဝါး လုပ်ငန်းများတွင် အသုံးချနေပြီဖြစ်သည်။
အဆိုပါကွမ်တမ်ကွန်ပြူတာအား ဝူခုံး(Wukong) ဟုအမည်ပေးထားရခြင်းမှာ ဝူခုန်းသည် ပုံစံ 72 မျိုး ပြောင်းနိုင်သကဲ့သို့ ချစ်ပြား 72 ပြားကို ကွန်ပြူတာက အသုံးပြုကာ အမျိုးမျိုးသော လုပ်ဆောင်ချက်များကို လုပ်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။
Source: Popular Myanmar