ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၇၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးမှုန့်များ ဖမ်းဆီးရမိ

News Image

  • ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးမှုန့်များနှင့်အတူ တွေ့ရစဉ်။

17 February 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်၌   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ကျေးရွာအုပ်စု၊ မဟုန်လွယ်ကျေးရွာအနီးတွင် အောင်ကျော်စိုး(ခ)အားကျိန်န မောင်းနှင်လာသည့် HONDA CRV အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးမှုန့် ၉၃ ကီလို (တစ်ကီလိုလျှင် ၄၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃,၇၂၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် အောင်ကျော်စိုး (ခ)အားကျိန်န(၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm