ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို EU က သဘောတူ

News Image

  • ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို EU က သဘောတူ

ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနိုင်ငံအား ပိတ်ဆို့အရေးယူမှု ၁၆ ကြိမ်မြောက် အစီအစဉ်ကို EU က သဘောတူညီခဲ့ကြောင်း မီဒီယာအချို့က ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို EU ၏ အကြီးတန်းသံတမန် Kaja Kallas က ကြိုဆိုခဲ့ပြီး ယင်းသည် ဝါရှင်တန် နှင့် မော်စကိုတို့ကြား ရုရှား-ယူကရိန်း စစ်ပွဲကို ဖြေရှင်းရန် မကြာသေးမီ က ကြိုးပမ်းမှုများရှိခဲ့သော်လည်း EU ကဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပဋိပက္ခ စတင်ခဲ့ပြီးနောက် EU နှင့် အမေရိကန်တို့သည် ရုရှားကို သီးခြားဖယ်ထုတ်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အနောက်တိုင်းငွေကြေးစနစ်မှ ဖြတ်တောက်ခြင်း၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ဆိုင်ရာ ဆက်သွယ်မှုများ လုံးဝဖြတ်တောက်ခြင်း၊ မော်စကို၏ နိုင်ငံခြားအရံငွေကြေးများကို ပိတ်သိမ်းခဲ့ခြင်းစသည့် အရေးယူမှုများကို ဆောင်ရွက်ခဲ့ပြီး ရုရှားဘက်မှ အဆိုပါအရေးယူမှုများကို “ခိုးယူမှု” အဖြစ် ဖော်ပြခဲ့သည်။

ရုရှားနှင့် အမေရိကန်အရာရှိများ၏ သုံးနှစ်အတွင်း ပထမဆုံး တွေ့ဆုံဆွေးနွေးမှုသည် EU အတွင်း မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အဖွဲ့ဝင် နိုင်ငံများက ဝါရှင်တန်အား ဘရပ်ဆဲလ်ကို မတိုင်ပင်ဘဲ မော်စကိုနှင့် ပြန်လည်ဆွေးနွေးခြင်းနှင့် ညှိနှိုင်းမှုများမှ အရေးတယူမရှိခြင်းတို့အတွက် စွပ်စွဲခဲ့ကြသည်။

ကိုးကား-RT