အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲအား ရာထူးမှထုတ်ပယ်ရန် စတင်လုပ်ဆောင်

News Image

  • အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြည်တွင်းလုံခြုံရေးဌာန အကြီးအကဲအား ရာထူးမှထုတ်ပယ်ရန် စတင်လုပ်ဆောင်

ပြည်တွင်းလုံခြုံရေးဌာန (Shin Bet) နှင့် တင်းမာမှုများ ကြီးထွားနေစဉ် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ၎င်းဌာန၏ အကြီးအကဲဖြစ်သူ ရိုနန်ဘားအား ရာထူးမှထုတ်ပယ်မည့် လုပ်ထုံးလုပ်နည်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မတ် ၁၆ ရက်က ကြေညာခဲ့သည်။

ရိုနန်ဘားအား ရာထူးမှထုတ်ပယ်ရေးအတွက် အဆိုပြုချက်တစ်ရပ်ကို ယခုသီတင်းပတ်အတွင်း အစိုးရအဖွဲ့ထံ တင်သွင်းမည်ဖြစ်ကြောင်း အစည်းအဝေးတစ်ခုသို့ ဆင့်ခေါ်၍ ၎င်းအား အသိပေးခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။ ဘားအပေါ် အယုံအကြည်မရှိတော့သဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးပြည်သူများကို ဗီဒီယိုရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည် မိန့်ခွန်း၌ နေတန်ယာဟုက ထည့်သွင်းပြောကြားခဲ့သည်။ လတ်တလောတွင် ရှင်းဘတ် (Shin Bet) အဖွဲ့ကရော ရိုနန်ဘားကပါ ယင်းနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။ အစ္စရေးအနေဖြင့် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေဆဲဖြစ်သလို နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်နေချိန်တွင် နေတန်ယာဟုနှင့် အစ္စရေးလုံခြုံရေး အသိုင်းအဝိုင်းကြား တင်းမာမှုများ ကြီးထွားလာခြင်းကို အဆိုပါလုပ်ရပ် က မီးမောင်းထိုးပြလျက်ရှိသည်။ 

ကိုးကား- ဆင်ဟွာ