ဗင်နီဇွဲလားနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားပေးရန် ပြည်ထောင်စုတရားသူကြီးက ထရမ့်အစိုးရအား တောင်းဆို

News Image

  • ဗင်နီဇွဲလားနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်ကြားပေးရန် ပြည်ထောင်စု တရားသူကြီးက ထရမ့်အစိုးရအား တောင်းဆို

သမ္မတ၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်မှုတစ်ခုဖြစ်သည့် ပြည်နှင်ဒဏ်ပေးခြင်းခံရသော ဗင်နီဇွဲလားနိုင်ငံသားများ၏ လေယာဉ်တင်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များအား မတ်လ ၁၈ ရက် နောက်ဆုံးထား ပြန်ကြားပေးရန် ပြည်ထောင်စုတရားသူကြီးက ထရမ့်အစိုးရအား မတ်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ပါသည်။

အဆိုပါပြည်နှင်ဒဏ်ပေးခံရသည့် ဗင်နီဇွဲလားနိုင်ငံသားများသည် ပြည်ပအကြမ်းဖက်အဖွဲ့အစည်းတစ်ခု အဖြစ် သတ်မှတ်ထားသည့် Tren de Aragua ဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြောင်း ထရမ့်က အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပါအဖွဲ့အား အမေရိကန်အပေါ် သာမန်မဟုတ်သည့် စစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အဖြစ် ကြေညာရန်အတွက် ၁၇၉၈ ခုနှစ် နိုင်ငံခြားရန်သူများအက်ဥပဒေကို ကိုးကားထားသည့် အစိုးရအဖွဲ့၏ ကြေညာချက် တစ်ရပ်ကို အိမ်ဖြူတော်က မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း Reuters သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား-Reuters

အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)