ယူကရိန်းသို့ ပြင်သစ်တပ်ဖွဲ့များစေလွှတ်ရန် အစီအစဉ်မရှိကြောင်း မက်ခရွန် ပြောကြား

News Image

  • ယူကရိန်းသို့ ပြင်သစ်တပ်ဖွဲ့များစေလွှတ်ရန် အစီအစဉ်မရှိကြောင်း မက်ခရွန် ပြောကြား

ပြင်သစ်တပ်များကို ယူကရိန်းသို့ ပို့ရန် အစီအစဉ်မရှိကြောင်း La Depeche သတင်းစာနှင့် အင်တာဗျူးတွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် က ပြောကြားခဲ့သည်။

မက်ခရွန်သည် ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်၊ UK နှင့် ဒိန်းမတ်နိုင်ငံတို့၏ နိုင်ငံ့ခေါင်းဆောင်အကြီးအကဲများနှင့် အလွတ်သဘော ဆွေးနွေးပွဲတစ်ခုကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ပဲရစ်မြို့၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ ဥရောပကော်မရှင် (European Commission) နှင့် ဥရောပ ကောင်စီ (European Council) ဥက္ကဋ္ဌများနှင့် NATO တပ်ဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်တို့လည်း တက်ရောက်ခဲ့ကြသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအာမခံချက် ပေးမည့်ကိစ္စရပ်များလည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း Elysee နန်းတော်က ဆွေးနွေးပွဲမတိုင်မီ ထုတ်ပြန်ခဲ့သည်။

ဥရောပနိုင်ငံများသည် ဘဏ္ဍာရေးအကျပ်အတည်းများ ရှိနေခြင်းကြောင့် ယူကရိန်းအတွက် ငွေကြေးအကူအညီများ ထပ်မံပေးအပ်ရန် ခက်ခဲနေကြောင်း ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ကိယက်ဗ်အပေါ် ဆက်လက်ထောက်ပံ့မှုများသည် ဥရောပနိုင်ငံများရှိ စက်မှုလုပ်ငန်းနှင့် လူမှုဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများအပေါ် ထိခိုက်မှုမရှိစေရန် သီးခြားငွေကြေး အစီအစဉ် တစ်ရပ်ကို ဖော်ဆောင်သင့်ကြောင်း Scholz က ပြောကြားခဲ့သည်။

ကိုးကား-TASS

Photo: en.iz.ru