အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ ဖြေရှင်းရန် ဖျန်ဖြေသူ မလိုအပ်နိုင်ကြောင်း ရုရှားဆီနိတ်တာ ပြောကြား
လက်ရှိဖြစ်ပွားနေသော အိန္ဒိယနှင့်ပါကစ္စတန်တို့အကြား ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ရန် ကြားဝင်ဖျန်ဖြေသူ မလိုအပ်နိုင်ကြောင်း ရုရှားဆီနိတ်တာ တစ်ဦးက TASS သို့ ပြောကြားလိုက်ပါသည်။
စစ်ကို ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် သံတမန်ရေးရာကြိုးပမ်းမှုများဖြင့် အဆုံးသတ်ကြလိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း၊ နှစ်ဖက်စလုံးသည် သဘောတူညီမှုရရှိရန် မျှော်လင့်ထားပါကြောင်း၊ အကယ်၍ နိုင်ငံတကာက ကြားဝင်ဖျန်ဖြေမှု လိုအပ်ပါက ထိုအရာအတွက် လုပ်ဆောင်နိုင်သူများ ရှိလိမ့်မည်ဖြစ်ပါကြောင်း၊ သို့သော် ထိုသို့ လိုအပ်လိမ့်မည်လည်း မထင်ပါကြောင်း ရုရှားဖက်ဒရေးရှင်းကောင်စီ၏ အပြည်ပြည်ဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) Andrey Denisov က ပြောကြားလိုက်ခြင်းဖြစ်ပါသည်။
“နှစ်နိုင်ငံအကြား ပဋိပက္ခ ဆက်လက်မကျယ်ပြန့်လာစေရန် မိမိတို့ မျှော်လင့်ပါကြောင်း၊ နှစ်ဖက်စလုံးသည် အခြေအနေကို ပိုမိုမပြင်းထန်လာစေရေး ရှောင်ရှားနိုင်ကြရန် ဉာဏ်ပညာရှိစွာ ဆောင်ရွက်နိုင်မည်” ဟု ယုံကြည်ပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ကိုးကား-TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃