ဂျာမန် EU အမတ် ၂ ဦး မော်စကိုသို့ သွားရောက်မည်

News Image

  • ဂျာမန် EU အမတ် ၂ ဦး မော်စကိုသို့ သွားရောက်မည်

ဥရောပပါလီမန်အမတ် မက်ဇ်မား (Max Marx) နှင့် အန်ဒရီယာ ဂျိုးဇီ (Andreas Josef) တို့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ လာမည့်ရက်များအတွင်း သွားရောက်မည်ဖြစ်ပြီး ၎င်းတို့၏ခရီးစဉ်သည် EU အာဏာပိုင်များ၏ ကန့်ကွက်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

EU သည် ရုရှားနှင့် တရားဝင်အဆက်အသွယ်လျှော့ချထားပြီး၊ အထူးသဖြင့် ယူကရိန်းစစ်ပွဲကြောင့် သံတမန်ရေးအရဆက်ဆံမှုများ အားနည်းနေသည်။

သို့သော် အဆိုပါဂျာမန်အမတ်များက “ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများလိုအပ်သည်” ဟု ယူဆကာ ရုရှားနှင့် တိုက်ရိုက်ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဘရပ်ဆဲလ်က ထိုကဲ့သို့သော ခရီးစဉ်များကို မထောက်ခံသော်လည်း ၎င်းတို့သည် ဥရောပ၏ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းမရှိဟု ဆိုသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါခရီးစဉ်ကို “အပြုသဘောဆောင်သော လှုပ်ရှားမှု” အဖြစ် ကြိုဆိုခဲ့ပြီး “နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများလိုအပ်သည်” ဟု ပြောကြားခဲ့သည်။

မော်စကိုတွင် ၎င်းတို့သည် ရုရှားအစိုးရနှင့် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး၊ ယူကရိန်းပဋိပက္ခနှင့် ဥရောပ-ရုရှား ဆက်ဆံရေး အပေါ်အမြင်များကို ဖလှယ်မည်ဖြစ်သည်။

အချို့သော EU အမတ်များက “ရုရှားနှင့် ဆက်ဆံခြင်းသည် ဥရောပ၏ ညီညွတ်မှုကို အားနည်းစေသည်” ဟု ဝေဖန်ခဲ့သည်။

သို့သော် မတ်စ်မား နှင့် ဂျိုးဇီတို့က “စစ်ပွဲကိုအဆုံးသတ်ရန် ဆွေးနွေးမှုများလိုအပ်ပြီး ရုရှားနှင့် ဆက်သွယ်မှုမရှိပါက အဖြေရှာရန်ခက်ခဲမည်” ဟု ပြန်လည်ချေပခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂