အမေရိကန် အထူးကိုယ်စားလှယ် Keith Kellogg ကိယက်ဗ်သို့ ရောက်ရှိ

News Image

  • အမေရိကန် အထူးကိုယ်စားလှယ် Keith Kellogg ကိယက်ဗ်သို့ ရောက်ရှိ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် Keith Kellogg သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ယူကရိန်းမီဒီယာ Obshchestvennoye က ဖော်ပြထားပါသည်။

အထူးကိုယ်စားလှယ် Keith Kellogg သည် မြို့တော်ကိယက်ဗ်တွင် ဖေဖော်ဝါရီ ၂၂ ရက်အထိ နေထိုင်မည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက အစောပိုင်းတွင် ပြောကြားထားပါသည်။ 

၎င်း၏ ခရီးစဉ်တွင် ယူကရိန်းသမ္မတဇီလန်စကီး၊ ကာကွယ်ရေးဝန်ကြီး Rustem Umerov ၊ ကာကွယ်ရေးဦးစီးချုပ် Alexander Syrsky နှင့် စစ်ဖက်ထောက်လှမ်းရေး အကြီးအကဲ Kirill Budanov တို့နှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း သိရပါသည်။

ဝါရှင်တန်နှင့် ကိယက်ဗ်ကြား မြေရှားသတ္တုသဘောတူညီချက် လက်မှတ်ရေးထိုးရန် မအောင်မြင်ခြင်းနှင့် ရုရှားနှင့်အမေရိကန်တို့ ရီယာ့ဒ်မြို့ တွင် တွေ့ဆုံမှုအပေါ် ဇီလန်စကီးက အမေရိကန်အပေါ် အပြစ်တင် ဝေဖန် ပြီးနောက် Keith Kellogg က ယူကရိန်းသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။

ယခု Keith Kellogg   ၏ ခရီးစဉ်သည် အမေရိကန်၏ ယူကရိန်းအပေါ် မူဝါဒဆိုင်ရာ အရေးပါသည့် ခရီးစဉ်ဖြစ်ပြီး အမေရိကန်က ဆက်လက် ပံ့ပိုးမည်လား စိတ်ဝင်စားစရာကောင်းနေပါသည်။

ကိုးကား- TASS