အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နျူကလီးယားလက်နက်များ လျှော့ချရေးကို ဆွေးနွေးရန်အတွက် ရုရှား၊ တရုတ်တို့နှင့် အစည်းအဝေး ပြုလုပ်လိုကြောင်း ကြေညာ

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နျူကလီးယားလက်နက်များ လျှော့ချရေးကို ဆွေးနွေးရန်အတွက် ရုရှား၊ တရုတ်တို့နှင့် အစည်းအဝေး ပြုလုပ်လိုကြောင်း ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားလက်နက်များ မည်သည့်အခါမျှ အသုံးမပြုရလေအောင် မျှော်လင့်ထားကြောင်း ဖော်ပြခဲ့ပါသည်။

“မိမိ ဦးစွာလုပ်ဆောင်ချင်သည်မှာ တရုတ်နှင့်ရုရှားကို နျူကလီးယား လက်နက်ထုတ်လုပ်မှုနှေးကွေးရေး၊ ရပ်တန့်ရေးနှင့်လျှော့ချရေးအတွက် အစည်းအဝေးလုပ်ဆောင်ရန်ဖြစ်ပါကြောင်း၊ မိမိတို့တွင် နျူကလီးယား လက်နက်များ အများကြီးရှိနေပြီဖြစ်ကြောင်း၊ ကမ္ဘာကို ၅၀ ကြိမ်၊ ၁၀၀ ကြိမ် ဖျက်ဆီး၍ရနိုင်ကြောင်း၊ ယခု မိမိတို့က အသစ်ထုတ်နေကြောင်း၊ ရုရှား နှင့်တရုတ်တို့ကလည်း ထုတ်နေပါကြောင်း၊ အဆိုပါထုတ်လုပ်သည့် ငွေများကို အခြားအကျိုးရှိသော အရာများအတွက် အသုံးပြုနိုင်ရန် မျှော်လင့်ပါကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ အဆိုပါ လက်နက်များ အသုံးပြုရမည့်အချိန် မည်သည့်အခါမျှ မရောက်စေလိုကြောင်း” ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

ထိုပြောဆိုချက်သည် နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြပြီး၊ ဒေါ်နယ်ထရမ့် ၏ နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာမူဝါဒကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။

ကိုးကား - TASS