ရုရှား၏ ရင်ပြင်နီ စစ်ရေးပြပွဲသို့ နိုင်ငံ ၂၉ နိုင်ငံမှ ခေါင်းဆောင်များ တက်မည်
ရုရှားနိုင်ငံ၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲအဖြစ် နှစ်(၈၀)ပတ်လည် အထိမ်းအမှတ်ပွဲအတွက် နိုင်ငံတကာမှ ခေါင်းဆောင်များ ရုရှားသို့ တဖွဲဖွဲရောက်ရှိနေကြသည်။
ထိုအထဲတွင်ကျူးဘားခေါင်းဆောင်လည်းပါဝင်သဖြင့် ယခင် ၁၉၆၃ မေလ က ဖီဒယ်ကတ်စထရို နှင့် သူ၏အဖော်များသည် Piskarevskoye Memorial Cemetery တွင် လွမ်းသူ့ပန်းခွေချကြပုံနှင့်ယခု ၂၀၂၅ မေလတွင် ကျူးဘားသမ္မတ Miguel Diaz-Canel Bermudez နှင့် ၎င်း၏အဖွဲ့ဝင်များ လွမ်းသူ့ပန်းခွေချကြပုံတို့ကိုယှဥ်တွဲပြထားသည်။
နှစ် ၈၀ ပွဲ သို့တက်ရောက်ကြမည့်နိုင်ငံ့ ခေါင်းဆောင်များစာရင်းကိုလည်း RT က ထုတ်ပြန်ထားသည်။ အာရှမှ တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ လာအို တို့လည်း ပါဝင်သည်။ နိုင်ငံ ၂၉ နိုင်ငံစာရင်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
အက်ခါဇဖီးယား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ ဘရာဇီးဘာကီနာဖာဆို၊ ဗန်နီဇွဲလား၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မွန်ဂိုးလီးယား၊ တရုတ်၊ ကျူးဘား၊ ပါလက်စတိုင်း၊ ဆာရပ်စကာသမတနိုင်ငံ၊ ဆာဗီးယား၊ ဆလိုဗက်ကီးယား၊ တာဂျစ်ကစ်စတန်၊ တတ်မန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ မြန်မာ၊ ဂီနီယာဘစ်ဆိုး၊ ဘောစ်နီးယားဟာဇီဂိုးဗီးနား၊ ဇင်ဘာဘွေ၊ ပါပူးဝါးနူးဂီနီ၊ ကွန်ဂို၊ အီဂျစ်၊ လာအို၊ အီသီယိုးပီးယား၊ တောင်အော့ဆက်တီးယားတို့ဖြစ်သည်။
Source: Popular Myanmar