ဩစတြေးလျနိုင်ငံ ကမ်းခြေတစ်ခုတွင် ဝေလငါးအကောင် ၁၅၀  ကျော် သေဆုံး

News Image

  • ဩစတြေးလျနိုင်ငံ ကမ်းခြေတစ်ခုတွင် ဝေလငါးအကောင် ၁၅၀  ကျော် သေဆုံး

ဩစတြေးလျနိုင်ငံ တက်စမေးနီးယား ပြည်နယ်ရှိ  ကမ်းခြေတစ်ခုတွင် ဝေလငါး အကောင် ၁၅၀  ကျော် သေဆုံးလျက်ရှိကြောင်း    ဒေသတွင်းမီဒီယာ တစ်ခုက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြသည်။

ဝေလငါးများ သောင်တင်သေဆုံးနေသည့် နေရာသည် ကမ်းခြေမှ အလွန်ဝေးကွာသည့် နေရာဖြစ်သောကြောင့် ၎င်းတို့အား ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိကြောင်း ပြည်နယ် သဘာဝ တောရိုင်းတိရစ္ဆာန်၊ ပန်းခြံနှင့်ဥယျာဉ် စောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။

သေဆုံးနေသည့် ဝေလငါးများမှာ စုစုပေါင်း ၁၅၇ ကောင်ရှိသည်ဟု အချို့မီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါဝေလငါးများသည် လွန်ခဲ့သည့် ၂၄ နာရီ သို့မဟုတ် ၄၈ နာရီ အတွင်းက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရှိရသည်။ သို့သော် မည်သည့် အကြောင်းရင်းကြောင့် သေဆုံးရသည်ကိုမသိရသေးပေ။ သေဆုံးနေသည့် ဝေလငါးများသည်  killer  whale  အမျိုးအစား ဝေလငါး အသေးစားများဖြစ်ပြီး ၎င်းတို့သည် အပျော်စီးရွက်လှေများကို တိုက်ခိုက်လေ့ ရှိကြောင်း သိရသည်။

Source: Myawady Web Portal