ဒေါ်နယ်ထရမ့်က ဗလာဒီမာ ဇီလန်စကီးကို “ရွေးကောက်ပွဲမရှိသော အာဏာရှင်” ဟု ခိုင်းနှိုင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းခေါင်းဆောင် ဗလာ ဒီမာဇီလန်စကီးကို “ရွေးကောက်ပွဲမရှိသော အာဏာရှင်” ဟု ခိုင်းနှိုင်း ခေါ်ဆိုကာ ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခကို စီမံခန့်ခွဲမှုညံ့ဖျင်းပြီး အမေရိကန်ငွေကြေးအကူအညီများကို အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲခဲ့သည်။ ဖေဖော်ဝါရီ တတိယပတ်အတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ တွင် အမေရိကန် - ရုရှားတွေ့ဆုံဆွေးနွေးပွဲပြီးနောက် ဝါရှင်တန်နှင့် ကိယက်ဗ်အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ၎င်း၏ Truth Social ပလက်ဖောင်း၌ ထရမ့်က ဇီလန်စကီးကို ဝေဖန်ကာ “ယူကရိန်းခေါင်းဆောင်သည် အမေရိကန်ပြည်ထောင်စုအား မအောင်မြင်နိုင်သော စစ်ပွဲတစ်ခုထဲသို့ ဒေါ်လာ ၃၅၀ ဘီလီယံ သုံးစွဲရန် စည်းရုံးခဲ့သည်” ဟု ရေးသားခဲ့သည်။ ထို့အပြင် ၎င်းက ဇီလန်စကီးသည် “ရွေးကောက်ပွဲများ ကျင်းပရန် ငြင်းဆိုနေပြီး ယူကရိန်းရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းသည်” ဟု ဆိုသည်။
“ရွေးကောက်ပွဲမရှိသော အာဏာရှင် ဇီလန်စကီးအနေဖြင့် ရွေးကောက်ပွဲ ကို အမြန်ဆုံးလုပ်ဆောင်ခြင်းက ၎င်းအတွက် ကောင်းမွန်သော အဖြေရရှိမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက နိုင်ငံမဲ့ဖြစ်သွားနိုင်သည်” ဟု ထရမ့်က သတိပေးခဲ့သည်။
ကိုးကား-RT