တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ်သည် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမည့် ပထမဆုံးသမ္မတဖြစ်လာ

News Image

  • တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ်သည် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမည့် ပထမဆုံးသမ္မတဖြစ်လာ

ရာထူးမှဖြုတ်ချခံခဲ့ရသည့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ် သည် ရာဇဝတ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုခံရမည့် တောင်ကိုရီးယား၏ ပထမဆုံးသမ္မတဖြစ်လာခဲ့သည်ဟု သိရပါသည်။ယွန်းဆက်ယိုးလ်သည် စစ်အုပ်ချုပ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ခြင်းနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ရန်အတွက် တောင်ကိုရီးယားအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရခြင်းလည်းဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ ရက်တွင် ယွန်းဆက်ယိုးလ်က စစ်အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။

သို့သော်လည်း လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယွန်းဆက်ယိုးလ်သည် စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းမှုကို နာရီပိုင်း အကြာ တွင် ပြန်လည်ရုတ်သိမ်းခဲ့ရကြောင်း သိရပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ယွန်းဆက်ယိုးလ်သည် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုများကို ခံခဲ့ရကြောင်းလည်း သိရသည်။ ယွန်းဆက်ယိုးလ် ကို ဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းကို ဇန်နဝါရီလ ၁၅ ရက်၊ နံနက် ၁၀ နာရီ ၃ဝ မိနစ်အချိန်တွင်ထုတ်ပြန်ခဲ့သည်ဟု အကျင့်ပျက်ခြစားမှု စုံစမ်း စစ်ဆေးရေး အဆင့်မြင့်အရာရှိများရုံး (CIO)က ပြောကြားခဲ့ပါသည်။

ယခင်လ(ဇန်နဝါရီ)ကတည်းက ဖမ်းဆီးခံခဲ့ရသည့် ယွန်းဆက်ယိုးလ် သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်ပေးခံရနိုင်ဖွယ်ရှိနေကြောင်းသိရပြီး ယွန်းဆက်ယိုးလ်၏ အမှုကြားနားမှုကို ဖေဖော်ဝါရီ လ ၂၀ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် လုပ်ဆောင်သွားမည်ဟုလည်းသိရပါသည်။

ကိုးကား-NP News