ဂျာမနီသို့ ရုရှားဓာတ်ငွေ့တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များအား ပယ်ဖျက်သင့်ကြောင်း ဂျာမနီပါလီမန်အမတ် ပြောကြား

News Image

  • ဂျာမနီသို့ ရုရှားဓာတ်ငွေ့တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များအား ပယ်ဖျက်သင့်ကြောင်း ဂျာမနီပါလီမန်အမတ် ပြောကြား

ဂျာမနီသို့ ရုရှားဓာတ်ငွေ့တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များမှာ အဓိပ္ပာယ်မရှိသဖြင့် ပယ်ဖျက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ကန့်သတ်ချက်များကြောင့် ဂျာမနီသည် ရုရှားဓာတ်ငွေ့များကို အခြားနိုင်ငံမှတစ်ဆင့် ဈေးကြီးပေး၍ ဝယ်ယူနေရကြောင်း ဂျာမနီပါလီမန်အမတ် Matthias Moosdorf က TASS သတင်းဌာနကို ပြောကြားခဲ့သည်။

“၎င်းတို့အနေဖြင့် ရုရှားစွမ်းအင်အရင်းအမြစ်များ အထူးသဖြင့် ရေနံနှင့် ဓာတ်ငွေ့များကို အခြားနိုင်ငံမှတစ်ဆင့် ဈေးကြီးပေးဝယ်ယူနေရသဖြင့် ဈေးသက်သာစွာဖြင့် အမြန်ဆုံးပြန်လည်ဝယ်ယူနိုင်ရန် လိုအပ်ကြောင်း၊ ဂျာမနီသို့ ရုရှားဓာတ်ငွေ့တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များမှာ ဥရောပ အတွက် အထူးသဖြင့် ဂျာမနီအတွက် ကောင်းမွန်သော ရလဒ်များမရရှိသည့်အတွက် ရပ်တန့်သင့်ကြောင်း၊ ဂျာမန် AfD ပါတီ (Alternative for Germany) အမတ် Moosdorf က ပြောကြားခဲ့ပါသည်။

ကိုးကား-TASS

Photo: CNBC