အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကို သမ္မတဇီလန်စကီးက ရိုင်းပျစွာ ပြုမူဆက်ဆံခဲ့သည်ဟု ထရမ့် စွပ်စွဲ

News Image

  • အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကို သမ္မတဇီလန်စကီးက ရိုင်းပျစွာ ပြုမူဆက်ဆံခဲ့သည်ဟု ထရမ့် စွပ်စွဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ဘဏ္ဍာရေးဝန်ကြီးသည် ကိယက်ဗ်သို့ သွားသည့် တရားဝင်ခရီးတွင် ရိုင်းပျစွာ ဆက်ဆံခံခဲ့ရသည်ဟု ဖေဖော်ဝါရီ ၁၉ ရက်တွင် စွပ်စွဲပြောကြားလိုက်ပြီး ယူကရိန်း ခေါင်းဆောင် ဗလာဒီမာဇီလန်စကီးသည် သဘောတူညီချက်ရရှိရေး ဆောင်ရွက်ရန် “အိပ်ပျော်နေသည်” ဟု ဆိုကာ ၎င်း၏ ဘဏ္ဍာရေး ဝန်ကြီးအား တွေ့ဆုံရန် ပျက်ကွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်သည် ယူကရိန်းကို အမေရိကန်၏လုံခြုံရေးထောက်ပံ့မှုများအတွက် မြေရှားသတ္တုများ အစားပြန်ယူရန် ဝါရှင်တန်အား ခွင့်ပြုပေးရေး ကိစ္စဆွေးနွေးရန် လွန်ခဲ့သော သီတင်းပတ်တွင် ကိယက်ဗ်မြို့၌ ဇီလန်စကီးကို တွေ့ဆုံခဲ့သည်။       

“စကော့ဘက်ဆင့် အနေဖြင့် ကိယက်ဗ်ကို သွားရောက်ရာတွင် ရိုင်းပျစွာ ပြုမူဆက်ဆံခံခဲ့ရကြောင်း၊ အကြောင်းအရင်းကတော့ ယူကရိန်းတို့က ၎င်းနှင့်တွေ့ဆုံရန် ငြင်းပယ်လိုက်သည့်အတွက် ဖြစ်ကြောင်း” ဟု ထရမ့် က ပြောကြားခဲ့သည်။

“ဇီလန်စကီးက အိပ်ပျော်နေသည့်အတွက် ဘက်ဆင့် ကို မတွေ့နိုင်ကြောင်း၊ ဘက်ဆင့်အနေဖြင့် အန္တရာယ်များသည့် ခရီးကို ရထားဖြင့် နာရီပေါင်းများစွာ သွားခဲ့ရကြောင်း” ဟု အမေရိကန်သမ္မတထရမ့် က သတင်းထောက်များကို ပြောကြားခဲ့သည်။                     

ဆက်လက်ဖတ်ရှုရန်-  https://news-eleven.com/article/300426

ကိုးကား- Eleven Media