ယူကရိန်းက အနောက်စစ်အုပ်စုနှင့် ရုရှားကြား ကြားခံဇုံဖြစ်လာမည်

News Image

  • ယူကရိန်းက အနောက်စစ်အုပ်စုနှင့် ရုရှားကြား ကြားခံဇုံဖြစ်လာမည်

လက်ရှိဖြစ်ပွားနေသည့် ယူကရိန်း - ရှရှား ပဋိက္ခပြီးဆုံးသွားပါက ယူကရိန်း အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်မလာနိုင်သည့်အပြင် အမေရိကန် ဦးဆောင်သော အနောက်စစ်အုပ်စု နေတိုးနှင့် ရုရှားတို့ကြား ကြားခံဇုံ တစ်ခုဖြစ်သွားပြီး စစ်လက်နက်နှင့် နည်းဗျူဟာ အားစမ်းရာဒေသ တစ်ခု ဖြစ်သွားမည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောဆို ခဲ့သည်။ 

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ရုရှား - ယူကရိန်း စစ်စတင်ဖြစ်ပွားစဉ်ကပင် အနောက်နိုင်ငံများက ယူကရိန်းအား စစ်လက်နက်နှင့် စစ်ရေးအကူအညီ များ အဆက်မပြတ်ပို့ပေးနေခြင်းနှင့်ပတ်သက်၍ ဗစ်တာအော်ဘန်က စဉ်ဆက်မပြတ် ဝေဖန်နေခဲ့ပြီး ရုရှားအား စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့ထားရှိမှုများကိုလည်း ဖျက်သိမ်းပေးရန်နှင့် မော်စကိုအစိုးရနှင့်သံတမန်ရေးရာ စကားပြောရန်အတွက်ကိုလည်း အမြဲပြောဆိုနေခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြို့တော်ဘူဒါပတ်တွင် နိုင်ငံတော်နှစ်ပတ်လည် မိန့်ခွန်း ပြောကြားရာ၌ ဝန်ကြီးချုပ်က “ပဋိပက္ခ အဆုံးသတ်သွားမည် ဆိုပါက ယူကရိန်းသည် နေတိုးနှင့် ရုရှားကြား ကြားခံနယ်မြေဖြစ်သွားမည်ဖြစ်ပြီး နေတိုးအဖွဲ့ဝင်ဖြစ်လာမည် မဟုတ်ကြောင်းနှင့် ထိုသို့ဖြစ်လာစေရန် လည်း ယူကရိန်းကသာ လုပ်ဆောင်နေခြင်းဖြစ်သည်” ဟု ပြောဆိုခဲ့ပါသည်။ 

ကိုးကား-RT