လူဆိုးခေါင်းဆောင်ကို တရားခွင်မှာ ရှေ့နေအဖြစ် ဟန်ဆောင် ပစ်သတ်

News Image

  • လူဆိုးခေါင်းဆောင်ကို တရားခွင်မှာ ရှေ့နေအဖြစ် ဟန်ဆောင် ပစ်သတ်

သီရိလင်္ကာနိုင်ငံတွင် အမည်ဆိုးနှင့် ကျော်စောသည့် လူဆိုးဂိုဏ်းခေါင်းဆောင် ကိုရှေ့နေအဖြစ် ဟန်ဆောင်ထားသည့် သေနတ်သမားက တရားခွင်ထဲ ဝင်ရောက်ပစ်သတ်လိုက်ပါသည်။

အဆိုပါ သေနတ်သမားသည် အမျိုုးသမီးတစ်ဦးကိုင်ဆောင်သည့် စာအုပ်ထဲတွင် ခြောက်လုံးပြူး‌သေနတ်ကို လျှို့ဝှက်ထည့်သွင်းယူဆောင်လာ ခဲ့ကြောင်း သိရှိရပါသည်။ ခြောက်လုံးပြူးသေနတ်ကို သယ်ဆောင်နိုင်ရန်အတွက် စာအုပ်ထူထူကို အတွင်း၌ ခေါင်းပေါက်ထွင်းပြီး သိုဝှက်ခဲ့သည့် သံသယတရားခံ အမျိုးသမီးသည်လည်း ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်သည် ဆန်ဂျီး၀ကူမာရ ဆာမာ ရာရက်နေး ဆိုသူဖြစ်ပြီး တရားခွင်ကို ရဲလုံခြုံရေး အစောင့်များနှင့် ခေါ်ထုတ်လာချိန်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ၎င်းသည် လူသတ်မှု အများအပြားအတွက် တရားစွဲဆိုခံထားရခြင်းဖြစ်ပါသည်။ ပစ်ခတ်ခံ ရပြီး ဆေးရုံကို ပို့ဆောင်စဉ်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။ ပစ်ခတ် လုပ်ကြံသူ သေနတ်သမားသည် ပစ်ခတ်မှုအပြီး ထွက်ပြေးခဲ့သော်လည်း ဖမ်းမိခဲ့ပါသည်။ နောက်ထပ် သံသယတရားခံ အမျိုးသမီးတစ်ဦးကတော့ အသက် (၂၅) နှစ်အရွယ်ရှိသူ ဒီဝက်အစ္စဟာရာဆီဝန်ဒီ ဟု သိရှိရ ပါသည်။ အဆိုပါ အမျိုးသမီးကို ဖမ်းမိရန် သတင်း ပေးနိုင်ပါက ဆုငွေချီးမြှင့်မည် ဖြစ်ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ကြေညာထားပါသည်။ သီရိလင်္ကာ တွင် ပြိုင်ဘက် လူဆိုးဂိုဏ်းများအကြား အကြမ်းဖက်မှုကြောင့် လုံခြုံရေး ပျက်ပြားမှုများ ဖြစ်နေပါသည်။ ဖေဖော်ဝါရီ ၁၉ ရက်(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပသည့် ပါလီမန်တွင် အတိုက်အခံအမတ်များက ယခုလို ဖြစ်စဉ်သည် နိုင်ငံအတွက် အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမည့် လုံခြုံရေးကိစ္စရပ်ဟု သတ်မှတ်၍ အကြိတ်အနယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ကိုးကား-One News Myanmar