အမေရိကန် နှင့် ယူကရိန်းအကြား သဘောတူညီမှုအစီအစဉ်တွင် ယူကရိန်းအတွက် စစ်ရေးအာမခံချက်များ မပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ရှင်းလင်းပြောကြား
အမေရိကန် နှင့် ယူကရိန်းအကြား သဘောတူညီမှုအစီအစဉ်တွင် ယူကရိန်းအတွက် စစ်ရေးအာမခံချက်များ မပါဝင်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆင့်က ရှင်းလင်းပြောကြားခဲ့ပါသည်။
အနောက်နိုင်ငံများ၏ ယူကရိန်းအစီအစဉ်များတွင် အမေရိကန် မပါဝင်ဘဲ ဥရောပစစ်သားများကို ယူကရိန်းသို့စေလွှတ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
အမေရိကန်က စစ်ပွဲကနေ နုတ်ထွက်နေပြီဖြစ်ကြောင်း၊ ဥရောပက စစ်ရေးလှည်းကို ဆက်ဆွဲသွားနေကြောင်း၊ ဥရောပက အဆိုပါ စစ်လှည်းကို ဘယ်လောက်ထိ ဆွဲသွားမည်ကို မသိကြောင်း၊ သမ္မတဒေါ်နယ်ထရမ့် ပြောခဲ့သည့်စကားအတိုင်း “မိမိတို့မှာ လှပပြီးကြီးမားသည့် သမုဒ္ဒရာ ရှိပါကြောင်း” ဥရောပတွင် နျူကလီးယားစစ်ပွဲဖြစ်လင့်ကစား အမေရိကန် က စိုးရိမ်မည်မဟုတ်ကြောင်း၊ ထို့အပြင် ဥရောပခေါင်းဆောင်များသည် အဆိုပါယူကရိန်းကိစ္စတွင် အံ့သြဖွယ်ဇွဲနပဲနှင့် အသိဉာဏ်ကင်းမဲ့မှုကို ပြသနေကြကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ကိုးကား - Pravda
ဘာသာပြန်ဆိုသူ-ရုရှားပညာတော်သင်ကျောင်းသားများ