အမေရိကန်သည် ယူကရိန်းနှင့် သတ္တုတူးဖော်ရေးသဘောတူညီချက်ကို လာမည့်အပတ်တွင် လက်မှတ်ရေးထိုးရန် မျှော်လင့်
ဝါရှင်တန်သည် လာမည့်အပတ်တွင် ယူကရိန်းနှင့် သတ္တုတူးဖော်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff က ပြောကြားခဲ့ပါသည်။
Witkoff က CNN သတင်းဌာန သို့ပြောကြားရာတွင် “မိမိသည် အဆိုပါ သဘောတူညီချက်ကို ယခုအပတ်အတွင်း လက်မှတ်ရေးထိုးရန် မျှော်လင့် ထားပါကြောင်း၊ သမ္မတဇီလန်စကီးသည် လွန်ခဲ့သော တစ်ပတ်က ၎င်း၏ ကတိကဝတ်ကို ယိမ်းယိုင်နေခဲ့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့်ထံမှ သတင်းစကားရရှိခဲ့ပြီးနောက် ယခုအခါတွင် နောက်ထပ်၎င်း၏ ကတိစကားသည် ယိမ်းယိုင်နေခြင်း မရှိတော့ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါသဘောတူညီချက်သည် အမေရိကန်မှ ထောက်ပံ့ရေးတွင် ယူကရိန်းအတွက် သုံးစွဲခဲ့သည့် ကုန်ကျငွေများကို ပြန်လည်ရယူရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff ပြောကြားခဲ့ပါသည်။
“မိမိတို့သည် အများကြီးလုပ်ဆောင်ခဲ့ပြီးနောက် ထိုသဘောတူညီချက်သည် လက်မှတ်ရေးထိုးသင့်သည်ဟု ၎င်းနားလည်သွားပြီဖြစ်ကြောင်း” ယူကရိန်း သမ္မတဇီလန်စကီး ကပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီလ၂၁ရက် (စနေနေ့)တွင်အမေရိကန်သည် အဆိုပါ သဘောတူညီချက်ကို ချုပ်ဆိုရန် နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့ပါသည်။ ထို့အပြင် ဝါရှင်တန်သည် ယူကရိန်းအတွက် ထောက်ပံ့ငွေများအတွက် သုံးစွဲခဲ့သည့် ငွေကြေးများကို ပြန်လည်ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။
ကိုးကား - TASS
ဘာသာပြန်ဆိုသူ-ရုရှားပညာတော်သင်ကျောင်းသားများ