ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူကရိန်းဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်သွားမည်

News Image

  • ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူကရိန်းဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်သွားမည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းခဲ့သည့် ယူကရိန်းဆိုင်ရာ ကြားနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ရှိ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပါသည်။

“မဲပေးမှုကို ညနေ ၃ နာရီ (GMT ၀၀:၀၀) တွင် ကျင်းပမည်ဖြစ်သည်” ဟု အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ရုရှားဆန့်ကျင်ရေး ဆုံးဖြတ်ချက်မူကြမ်း၏ ပူးတွဲရေးသားသူ အဖြစ် ပါဝင်ရန် ပထမဆုံးအကြိမ် ငြင်းဆန်ခဲ့ပြီး ၎င်းမှ တင်သွင်းခဲ့သည့် စာတမ်းတွင် ပဋိပက္ခစတင်မှုနှင့်ပတ်သက်၍ ရုရှားကို စွပ်စွဲချက်များ မပါရှိကြောင်းသိရှိရပါသည်။ စာတမ်းတွင် ရုရှား-ယူကရိန်း ပဋိပက္ခတွင် လူများ၏ သေဆုံးမှုနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းကိုလည်း ဖော်ပြထားပြီး ၎င်းပဋိပက္ခ မြန်မြန်ဆန်ဆန် ပြီးဆုံးရန် တိုက်တွန်းထားပါသည်။

အစောပိုင်းသတင်းများအရ အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းရှိ ပဋိပက္ခကို ဖြေရှင်းရန် ၎င်း၏ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မဲခွဲဆုံးဖြတ်ရန် အဆိုပြုနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်းမူကြမ်းသည် ယူကရိန်းနှင့် အနောက်နိုင်ငံများ၏ ဆုံးဖြတ်ချက်မူကြမ်းနှင့် နှိုင်းယှဉ်ပါက ပိုမိုကြားနေသော သဘောဆောင်ပါသည်။ အမေရိကန်၏ ဆုံးဖြတ်ချက်မူကြမ်းစာသားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များထံ ပေးပို့ခဲ့ပါသည်။

ကိုးကား- TASS

Photo: France24

ဘာသာပြန်ဆိုသူ-ရုရှားပညာတော်သင်ကျောင်းသားများ