ရုရှား လုံခြုံရေးအတွင်းရေးမှူး ဆာဂေး ရှိုးဂူသည် အလုပ်ခရီးဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်

News Image

  • ရုရှား လုံခြုံရေးအတွင်းရေးမှူး ဆာဂေး ရှိုးဂူသည် အလုပ်ခရီးဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်

ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံများသို့ အလုပ်ခရီးဖြင့် သွားရောက်ခဲ့ပြီး၊ ထိုနေရာတွင် လုံခြုံရေးနှင့် ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ နှစ်ဖက်စလုံးအတွက် အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ထားကြောင်း ရုရှားလုံခြုံရေးကောင်စီရုံး၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ သတင်းကို ထုတ်ပြန်ခဲ့သည်။

“၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဆာဂေးရှိုးဂူသည် ဝန်ကြီးဌာနအချို့၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ အလုပ်ခရီးဖြင့် သွားရောက်ခဲ့ပြီး ခရီးစဉ်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပါသည်။ ခရီးစဉ်အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ထားပြီး၊ နှစ်ဖက်စလုံးအတွက် အကျိုးရှိသော အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးမည်ဖြစ်သည်" ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

ထို့အပြင် နိုင်ငံတကာနှင့် ဒေသတွင်းပြဿနာများနှင့်ပတ်သက်၍ ထင်မြင်ချက်များ ဖလှယ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ကိုးကား - TASS

Photo: Nikkei Asia

ဘာသာပြန်ဆိုသူ-ရုရှားပညာတော်သင်ကျောင်းသားများ