ထရမ့်၏ USAID ဝန်ထမ်းလျှော့ချမည့်အစီအစဉ် ဖေဖော်ဝါရီ ၂၄ တွင် စတင်ပြီ

News Image

  • ထရမ့်၏ USAID ဝန်ထမ်းလျှော့ချမည့်အစီအစဉ် ဖေဖော်ဝါရီ ၂၄ တွင် စတင်ပြီ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည်  အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ်အေဂျင်စီ(United State Agency for International Development - USAID) ရှိ ဝန်ထမ်းများ အမြောက်အမြားကို အလုပ်မှ လျှော့ချမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ပြီဖြစ်ကြောင်း၊ အရေးကြီးလုပ်ငန်းများ ဆောင်ရွက်ရန် အေဂျင်စီမှ တိုက်ရိုက်ခန့်အပ်ထားသည့် အဖွဲ့ခေါင်းဆောင်များ၊ သီးခြားတာဝန်ပေးချက် အရ ဆောင်ရွက်နေသူ ဝန်ထမ်းများကိုသာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အဆင့်အနေဖြင့် ချန်လှပ်ထားခဲ့မည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီ၏  website တွင် ဖေဖော်ဝါရီ ၂၄ ရက်က ကြေညာထားပါသည်။

တစ်ချိန်တည်းမှာပင် အေဂျင်စီအနေဖြင့် အမေရိကန်နိုင်ငံရှိ ဌာနခွဲများရှိ ဝန်ထမ်း ၁,၆၀၀ ခန့်ကို လျှော့ချမည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီ ၆ ရက် သတင်းဌာန များစွာ၏ ထုတ်ပြန်ချက်အရ ၁၀,၀၀၀ မှ ၁၃,၀၀၀ ကြားရှိ ဝန်ထမ်းများကို ၂၉၄ ဦးသာ ရှိသည်အထိ လျှော့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃