ဥရောသမဂ္ဂက ရုရှားအပေါ် ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်

News Image

  • ဥရောသမဂ္ဂက ရုရှားအပေါ် ၁၆ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်

ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျရောက်သော ရုရှား- ယူကရိန်းစစ်ပွဲ ၃ နှစ်ပြည့်မြောက် အစီအစဉ်အဖြစ် ဥရောသမဂ္ဂက ရုရှားအပေါ်   ၁၆ ကြိမ် မြောက် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်လိုက်ပါသည်။

ထိုဒဏ်ခတ်ပိတ်ဆို့မှုတွင်   ရုရှားလေဆိပ် ၆ ခုနှင့် ဆိပ်ကမ်း ၅ ခု စုစုပေါင်း ၁၁ ခုကို ဥရောပကုမ္ပဏီများက အသုံးမပြုရန် တားမြစ် ပိတ်ပင်ခြင်းတို့ ပါဝင်ပါသည်။ 

ထို့ပြင် ရုရှားသို့ စွမ်းအင်စီမံကိန်းများနှင့် စစ်ဘက်ဆိုင်ရာများအတွက် အသုံးဝင်သည့် တွင်းထွက်သတ္တုများ၊ ဓာတုဗေဒပစ္စည်းများ၊ သံမဏိ၊ ဖန်ထည်ပစ္စည်းများနှင့် မီးရှုးမီးပန်းများစသည် ပစ္စည်းအများအပြား တင်သွင်းမှုများကိုလည်း  ထပ်မံ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါသည်။ ၎င်းမှာ ရုရှားက စစ်ပွဲအတွက် အသုံးပြုနေသော စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များကို ထိခိုက်စေရန်နှင့် ကျူးလွန်နေမှုများကို ချက်ချင်းရပ်တန့်စေရန် ရည်ရွယ်ထားကြောင်း ဥရောပသမဂ္ဂ ကြေညာချက်တွင် ဖော်ပြထားပါသည်။

ကိုးကား- TASS

Photo: enlargement.ec.europa.eu

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃