တံတားဦးမြို့နယ်တွင် ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
တံတားဦး ၊ ဖေဖော်ဝါရီ - ၂၄
၂၀၂၄-၂၀၂၅ ခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားသော စားသုံးဆီဖူလုံရေးအတွက်စိုက်ပျိုးထားပြီး အထူးအထွက်နှုန်းကောင်းမွန်ရေးနှင့် ဝင်ငွေတိုးပွားရရှိရေးတို့ကို ရည်ရွယ်ပြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပန်းယျကျေးရွာရှိ သော်တာလင်း လယ်ယာနှင့်အထွေထွေစီးပွားရေးအသင်း၊ အသင်းသား တောင်သူ ဒေါ်ဝါဝါထွန်း ကွင်းအမှတ် (၁၃၂၃ )ကွင်း စိုက်ဧက(၂.၅)ဧကတွင် စပ်မျိုးနေကြာ-၁ ဆောင်းနေကြာအောင်မြင် ဖြစ်ထွန်းမှု ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးက တောင်သူများအနေဖြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါကြောင်း သို့မှသာ အသင်းသားများစိုက်ပျိုး ထားသည့် သီးနှံများ တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိပြီး တောင်သူများဘဝ ဝင်ငွေတိုးပွားရရှိမည်ဖြစ်ကြောင်း ၊ ပန်းတိုင်အထွက်နှုန်းအနေဖြင့် မျိုး ၊ ရေ ၊ မြေ ၊ စိုက်ပျိုးနည်းစနစ် ဟန်ချက်ညီအောင်ဆောင်ရွက်ပေးစေလို ကြောင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တံတားဦးမြို့နယ် နီးစပ်ရာ ဆီစက်သို့ စားသုံးဆီ ကြိတ်ခွဲမှုဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည် ။
ဆောင်းနေကြာများအောင်မြင်ဖြစ်ထွန်းမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ ၊ တံတားဦးမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကျော်နောင်နှင့် ဝန်ထမ်းများ ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ ဒေသခံအသင်းသားတောင်သူများ တက်ရောက်ကြကြောင်းသိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)
၀၉-၇၉၇၄၃၈၃၀၅