အမေရိကန်နှင့် နျူကလီးယားဆိုင်ရာ တိုက်ရိုက်ဆွေးနွေးမှုကို အီရန် အစိုးရပယ်ချ
အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးနိုင်ခြေများကို အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi မှ ဖေဖော်ဝါရီ ၂၅ ရက်မှာ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
အီရန်၏ ရေနံရောင်းချမှု၊ တင်ပို့မှုများမှာ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲပြောဆိုခံထားရသည့် ရေနံကုမ္ပဏီအကြီးအကဲအပါအဝင် သင်္ဘော များနှင့် လူပေါင်း (၃၀) ကျော်ကို ပစ်မှတ်ထားသည့် အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုအသစ်ကို အမေရိကန်ကထုတ်ပြန်ကြေညာခဲ့ပြီး Abbas Araghchi ၏ မှတ်ချက်များထွက်ပေါ်လာပါသည်။
Abbas Araghchi မှ ယခုနည်းဖြင့် ဖိအားများပေးနေသရွေ့ နျူကလီးယား ပြဿနာနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးမှုများကို လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ပါသည်။
ကိုးကား - NP News
MM-News-Category