အစ္စရေးမှ ဆီးရီးယားနိုင်ငံတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဆီးရီးယားဒေသအတွင်း စစ်ဘက်ဆိုင်ရာကင်းမဲ့ရေး တောင်းဆိုမှုများကို လုပ်ဆောင်ခဲ့ပြီး Damascus မြို့နှင့် Deraa ပြည်နယ်အနီးရှိ ဒေသများအပါအဝင် ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ စစ်ဌာနချုပ်များနှင့် စစ်လက်နက်ပစ္စည်းများထားရှိသည့် နေရာများကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များနှင့် ပိုင်ဆိုင်မှု များ ရှိနေခြင်းသည် အစ္စရေးနိုင်ငံသားများအတွက် ခြိမ်းခြောက်မှု ဖြစ်စေ ခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဘက်မှ ထုတ်ပြန် ခဲ့သည်။
ကိုးကား - NP News
MM-News-Category